Friday 21 November 2014
"မွန်တို့ဌာနေရာမည"
ယနေ့မျက်မှောက်ကာလတွင်မွန်တို့နေထိုင်ရာဒေသနှင့်မွန်လူမျိုးစုမှာ ကျဉ်းမြောင်းသကဲ့သို့ဖြစ်နေသည်ကိုတွေ့ရသည်။ဤသို့ဖြစ်ရခြင်းမှာလည်းရှေးက
ရာမညတိုင်းဟုခေါ်တွင်သောဒေသအတွင်းရှိလူအများစုမှာဘိုးဘွားဘီဘင်မွန်ကြီးများမှ ဆင်းသက်ပေါက်ပွားလာသောမွန်သွေးစစ်စစ်များဖြစ်သော်လည်း
မွန်စကားမတတ်ကြသောကြောင့်ဖြစ်သည်။မွန်များသည်မိမိတို့သားသမီးများအားမွန်စကားဖြင့်မပြောကြဘဲ မြန်မာစကားဖြင့်သာပြောလေ့ရှိကြသည်။
မွန်သွေးအဆက်ဆက်သားသမီးမြေးမြစ်မှာလည်း မွန်စကားမတတ်ကြတော့ဘဲ ရှိလာကြရုံမျှမက မိမိတို့ကိုယ်ကို မိမိတို့မွန်ဟူ၍ပင်မသိဘဲ ဖြစ်လာကြသည်။
ယင်းမွန်မျိုးဆက်များသည် မွန်စကားမတတ်ကြသော်လည်းမိမိတို့ဘိုးဘွားဘီဘင်များမှည့်ခေါ်ခဲ့ကြသော သာသနိကဆိုင်ရာ ဒေသဆိုင်ရာအမည်များကိုမူ မဖျောက်ဖျက်ကြဘဲဆက်လက်ခေါ်ဝေါ်သုံးနှုံးခဲ့ကြသဖြင့်ရှေးရာမညတိုင်းအတွင်း၌ရှေးအခေါ်အဝေါ်များယနေ့တိုင်ကျန်ရှိနေကြရခြင်းဖြစ်သည်။
သို့ရာတွင် မိမိတို့သွေးရင်းမိဘဘိုးဘွားဘီဘင်များဖြစ်ကြသောရှေးမွန်လူကြီးသူမများနှင့်ကင်းကွာမှုကာလရှည်လျား ဝေးကွာလာသည်နှင့်အမျှမိမိတို့လက်
ထက်၌ခေါ်ဝေါ်သုံးစွဲလျှက်ရှိသော သာသနိကဆိုင်ရာ ဒေသဆိုင်ရာ အမည်အခေါ်အဝေါ်များကို မိမိတို့၏ရှေးဘိုးဘွားဘီဘင်မျှားမှည့်ခေါ်ခဲ့ကြပါလားဟူ
သောအသိတရားလွင့်ပါပြီးဤသို့ ထိုသို့ဖြစ်နိုင်သည်ဟုကြံဆကာ ပြင်ဆင်သုံးနှုံးခဲ့ကြသဖြင့် မူလဝေါဟာရအရင်းအမြစ် ကွယ်ပျောက်ကုန်သဖြင့် အချို့
အခေါ်အဝေါ်များကို အဓိပ္ပါယ်ဖော်မရလောက်အောင်အခက်ကြုံလျက်ရှိနေရတော့သည်။
ဆက်ဗှ်အာ>>> မွန်တို့ဌာနေရာမည
Subscribe to:
Post Comments (Atom)
No comments:
Post a Comment